Zero tolerance: Preventing and addressing sexual harassment and abuse

(Please scroll down for Myanmar language)

Dear colleagues,

The UN has Zero Tolerance to sexual exploitation and abuse. Preventing and addressing sexual harassment and abuse of authority remains a priority for the whole UN system.

Allow me please to share with you a video message on the topic from the Secretary-General, a Fact Sheet on UN’s initiatives and a global Quarterly Update on reported allegations of sexual exploitation and abuse.

Zero Tolerance on Sexual Exploitation & Abuse - UN Secretary- General Video Message:

https://www.youtube.com/watch?v=oO6sWiv9hws

Fact sheet on the Secretary-General’s initiatives to prevent and respond to sexual exploitation and abuse:

https://www.un.org/preventing-sexual-exploitation-and-abuse/sites/www.un.org.preventing-sexual-exploitation-and-abuse/files/fact_sheet_un_system-wide_sea_initiatives_september_2018.pdf  

Quarterly Update on reported allegations of sexual exploitation and abuse:

https://www.un.org/preventing-sexual-exploitation-and-abuse/content/quarterly-updates

I’m also forwarding you our message from 17 August 2018 with the contact details for reporting mechanisms in Myanmar.

Thank you,

Knut

 

လေးစားရပါသော လုပ်ဖော်ကိုင်ဖက်များခင်ဗျာ။

ကုလသမဂ္ဂသည် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် အနိုင်အထက်ပြုမှုများကို လုံးဝ လက်သင့်မခံပါ။ ကာယိနြေ္ဒပျက်ပြားစေမှု နှင့်လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုမှုတို့ကို တားဆီးကာကွယ်ခြင်းနှင့် ကိုင်တွယ် ဖြေရှင်းခြင်း သည် ကုလသမဂ္ဂစနစ် တစ်ခုလုံး၏ ဦးစားပေးတစ်ရပ်ဖြစ်ပါသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ရုပ်သံသတင်းစကား၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများဆိုင်ရာ အကြောင်းအရာအချက်အလက်အချုပ်နှင့် ကမ္ဘာအ၀ှမ်းမှ အစီရင်ခံလာသည့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် အနိုင်အထက်ပြုမှုဆိုင်ရာ စွပ်စွဲချက်များအပေါ် သုံးလတစ်ကြိမ်ထုတ် အစီရင်ခံစာ တို့ကို မျှဝေလိုက်ပါသည်။

လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် အနိုင်အထက်ပြုမှုများအပေါ် လုံးဝလက်သင့်မခံကြောင်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ရုပ်သံသတင်းစကား။

https://www.youtube.com/watch?v=oO6sWiv9hws

လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် အနိုင်အထက်ပြုမှုများကို ကာကွယ်တားဆီးတုန့်ပြန်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာအချက်အလက်အချုပ်။

https://www.un.org/preventing-sexual-exploitation-and-abuse/sites/www.un.org.preventing-sexual-exploitation-and-abuse/files/fact_sheet_un_system-wide_sea_initiatives_september_2018.pdf

ကမာတစ်ဝှမ်းမှ အစီရင်ခံလာသည့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် အနိုင်အထက်ပြုမှုဆိုင်ရာ စွပ်စွဲချက်များအပေါ် သုံးလတစ်ကြိမ်ထုတ် အစီရင်ခံစာ။

https://www.un.org/preventing-sexual-exploitation-and-abuse/content/quarterly-updates   

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံရှိ အစီရင်ခံရေးယန္တယား၏ အသေးစိတ် အဆက်အသွယ်များပါဝင်သည့် ကျွန်တော်၏ အမှာစကားကိုလည်း ပြန်လည် မျှဝေလိုက်ပါသည်။

ကျေးဇူးတင်ပါသည်။

ခနုသ်

 

Copy of the message 17 August 2018 (Myanmar language below):

 

Dear colleagues, 


Preventing and addressing sexual harassment and abuse of authority is a priority for the UN.

All UN agencies have the duty to take all appropriate measures towards ensuring a harmonious work environment, and to protect their staff from exposure to any form of intimidation, pressure and prohibited conduct.

Managers and supervisors have the obligation to ensure that complaints of prohibited conduct are promptly addressed in a fair and impartial manner. 

I encourage you to kindly ensure that the following actions are taken in order to strengthen an internal system enabling complaints to be raised and dealt with fairly and confidentially: 

  • All UN staff to complete the mandatory online training programme on prevention of harassment, sexual harassment and abuse of authority in the workplace (as promulgated under ST/SGB/2005/20) in order to raise awareness of roles and responsibilities for creating and maintaining a workplace free of harassment, sexual harassment and abuse of authority. 
  • Each agency to announce to its staff the appointed focal point or focal points to whom personnel can report harassment, abuse and exploitation. I’m attaching also a table of links to the official complaint mechanisms in your headquarters. In addition, there is the UN 24/7 Helpline available for staff to raise sexual harassment matters +1 (917) 367-8910 or through email speakup@un.org.
  • UN agencies to ensure that our partner organisations, including national partners, are also aware of their obligations and compliance with zero tolerance for harassment, including sexual harassment, as well as protection against sexual exploitation and abuse. We should  encourage our partners to conduct staff trainings on sexual and other forms of harassment and put in place internal reporting systems to handle cases.

Please also note that utmost care and attention must be taken to ensure the confidentiality, safety and assistance to survivors and complainants.

I attach for your reference ERC/USG Mark Lowcock’s Statement on the Prevention of Sexual Exploitation and Abuse and Sexual Harassment, issued following the IASC Principals meeting on 31 May 2018; and a link to the UN Secretary General's comments on the matter in the Note to Correspondents.

I thank you again for your continued attention to these important matters.

With best regards,

Knut

 

လေးစားရပါသော လုပ်ဖော်ကိုင်ဖက်များခင်ဗျာ။

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားပြုတို့မှ တားဆီးကာကွယ်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်း ခြင်းသည် ကုလသမဂ္ဂ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။

ဟန်ချက်ညီ၍သဟဇာတဖြစ်သော လုပ်ငန်းခွင်တစ်ခုဖြစ်ပေါ်ရေးနှင့် မိမိတို့၏ဝန်ထမ်းများအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှု၊ ဖိအားပေးမှုနှင့် တားမြစ်ထားသည့်အပြုအမူတို့မှ အကာအကွယ်ပေးရန်အတွက် သင့်လျှော်သည့်အစီအမံများ လုပ်ဆောင် ပေးရန် ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးတွင် တာဝန်ရှိပါသည်။ တားမြစ်ထားသောအပြုအမူများနှင့်ပတ်သက်၍ တိုင်ကြား လာပါက တရားမျှတပြီး ဘက်လိုက်ခြင်းကင်းစွာဖြင့် ချက်ခြင်းအရေးယူဆောင်ရွက်ရန် မန်နေဂျာများနှင့် ကြီးကြပ်သူများ တွင် တာဝန်ရှိပါသည်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုများအား တိုင်ကြားနိုင်ရန် နှင့် အဆိုပါတိုင်ကြားမှုများကို ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း တရား မျှတပြီး လျှို့ဝှက်စွာကိုင်တွယ်ဖြေရှင်းနိုင်သည့်စနစ်တစ်ခု ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် အောက်ပါအချက်များ အား လိုက်နာဆောင်ရွက်ကြရန် ၀န်ထမ်းအားလုံးကို တိုက်တွန်းလိုပါသည် -

၁။ ကုလသမဂ္ဂဝန်ထမ်းအားလုံးသည် စော်ကားနှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်မှုတို့မှကင်းဝေးသော လုပ်ငန်းခွင်တစ်ခုဖန်တီးရန်နှင့် ရေရှည်တည်တန့်စေရေးအတွက် ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ ၀န်ထမ်းများအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို ပိုမိုသိရှိစေရန်အတွက် (ST/SGB/2005/20 ပါပြဌာန်းချက်နှင့်အညီ)  လုပ်ငန်းခွင်အတွင်း စော်ကားနှောင့်ယှက်မှု၊ ကာယိနြေ္ဒ ပျက်ပြားစေမှုနှင့် လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားပြုမှုတို့ တားဆီးကာကွယ်ရေးဆိုင်ရာ အွန်လိုင်းသင်တန်းအစီအစဉ်ကို မဖြစ်မနေ တက်ရောက်ကြရန် လိုအပ်ပါသည်။

၂။ ထိပါးနှောင့်ယှက်မှု၊ အလွဲသုံးစားပြုမှုနှင့် ခေါင်းပုံဖြတ်မှုများကို တိုင်ကြားနိုင်ရန် အဖွဲ့အစည်းတစ်ခုချင်းစီမှ ၄င်းတို့ခန့်အပ်တာဝန်ပေးထားသည့် တာဝန်ခံပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်များ၏ အမည်ကို ၀န်ထမ်းများအား ကြေငြာအသိပေးရမည်ဖြစ်သည်။ မိမိအနေဖြင့် ဤသတင်းစကားနှင့်အတူ ရုံးချုပ်တွင်ရှိသည့် တိုင်ကြားစာများကို တရားဝင်ပေးပို့နိုင်သောနေရာများနှင့် ချိတ်ချက်ပေးပို့နိုင်သည့် အချက်အလက်များပါရှိသည့် ဇယားတစ်ခုကိုလည်း ပူးတွဲ ထည့်သွင်းပေးထားပါသည်။ ထို့အပြင် ဝန်ထမ်းများအနေဖြင့် ကာယိနြေ္ဒပျက်ပြားစေမှု/ လိင်ပိုင်းဆိုင်ရာစော်ကား နှောင့်ယှက်မှုများကို အချိန်ပြည့် ၂၄ နာရီ (24/7) အလုပ်လုပ်သည့် ကုလသမဂ္ဂ၏ ဖုန်းလိုင်းဖြစ်သော +1 (917) 367-8910 သို့လည်းကောင်း၊ speakup@un.org သို့ အီးမေးလ်ဖြင့်လည်းကောင်း တိုင်ကြားနိုင်ပါသည်။

၃။ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများမှ   လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုနှင့် အလွဲသုံးစားပြုမှုများမှ အကာအကွယ်ပေးခြင်းနှင့် လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်မှု အပါအ၀င် စော်ကားနှောင့်ယှက်မှုများအား ပြင်းထန်စွာအရေးယူသည့်မူဝါဒကို သိရှိလိုက်နာ ကျင့်သုံးစေရေးအတွက် လုပ်ဆောင်ရပါမည်။ ကျွန်ုပ်တို့အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများကိုလည်း လိင်ပိုင်းဆိုင်ရာနှင့် အခြားသောပုံစံများဖြင့် စော်ကားနှောင့်ယှက်မှုများအကြောင်း သင်တန်းများပေးရန်နှင့် ထိုအမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သတင်းပို့ တိုင်ကြားနိုင်သည့်စနစ်များ အဖွဲ့အစည်းအတွင်းတွင် ထားရှိရေးတိုက်တွန်းသင့်ပါသည်။

အရေးယူဆောင်ရွက်ရာတွင် တိုင်ကြားသူများနှင့် နှောင့်ယှက်စော်ကားခံရသူများအတွက် ဘေးကင်းလုံခြုံရေးနှင့် လိုအပ် သော အကူအညီပေးခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်ကြရမည်ကို အလေးအနက်သတိပြုစေလိုပါသည်။

၂၀၁၈ခုနှစ် မေလ ၃၁ ရက်နေ့တွင် ကျင်းပသည့် IASC Principals အစည်းအဝေးပြီးဆုံးသည့်နောက်တွင် ထုတ်ပြန်သော ERC/USG Mark Lowcock ၏ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုနှင့် အနိုင်အထက်ပြုမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့် ယှက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာထုတ်ပြန်ချက်နှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက်များပါဝင်သော သတင်းထုတ်ပြန်ချက် link တစ်ခုကိုလည်း ရည်ညွှန်းကိုးကားဖတ်ရှုနိုင်ရန် ထပ်မံ ပူးတွဲထည့်သွင်းပေးလိုက်ပါသည်။   https://www.un.org/sg/en/content/sg/note-correspondents/2018-05-04/note-correspondents-recent-chief-executives-boards-session

ဤကဲ့သို့ အရေးကြီးလှသော ကိစ္စရပ်များကို စဉ်ဆက်မပြတ်အလေးထားအာရုံပြုဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ထပ်မံပြောကြားလိုပါသည်။

လေးစားစွာဖြင့်

 

ခနုသ်အော့စ်ဘီ

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး၊

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေကိုယ်စားလှယ် နှင့် ကုလသမဂ္ဂပြန်ကြားရေးဌာနညွှန်ကြားရေးမှူး (ယာယီ)

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး။