Statement by the United Nations Resident and Humanitarian Coordinator in Myanmar, Knut Ostby on Kachin State

more

(Yangon, 20 April 2018): “I am deeply concerned about reports of an escalation in armed conflict in several areas of Kachin State since 7 April. I have been particularly alarmed of reports of civilian casualties and the plight of communities affected by the fighting in Tanai and Hpakant townships, while other areas have been gravely affected as well. This includes possibly up to 2,000 people who reportedly have been displaced from Awng Lawt, Sut Ring Yang and Sut Ra villages in Tanai Township. They are said to be sheltering in a remote forest area and unable to leave. These civilians include women, as well as pregnant and breastfeeding women, children, elderly people, sick and injured people, who are in a dire situation and in urgent need of humanitarian assistance and protection. In Hpakant, civilians in Hlaing Naung Hku village are similarly reported to be unable to leave the area affected by fighting to safer locations.

I appeal to all parties to the conflict to allow displaced people and other civilians who may remain in the areas of conflict to be permitted to move to a more secure location of their choice and to allow for humanitarian assistance to reach these populations as a matter of urgency. Moreover, I appeal to all parties to the conflict to ensure that civilians are protected at all times and remind them of their obligations under International Humanitarian Law.”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ခနွတ်အောဒ်စဘီ၏ကချင်ပြည်နယ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

 

(ရန်ကုန်၊ ၂ဝ၁၈ ခုနှစ် ဧပြီလ ၂ဝ ရက်) – “ဧပြီလ ၇ ရက်နေမှစတင်၍ ကချင်ပြည်နယ်ရှိ ဒေသအများအပြားတွင်လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟူသော အစီရင်ခံမှုများနှင့် စပ်လျဉ်း ၍ ကျွန်တော့်အနေဖြင့်အထူးပင် စိုးရိမ်ပူပန်မိပါသည်။ အထူးသဖြင့် တနိုင်းနှင့် ဖားကန့် မြို့နယ်များတွင် တိုက်ပွဲများကြောင့် အရပ်သားများထိခိုက်၊ သေဆုံးမှုများရှိခြင်း၊ ပြည်သူလူထုများ ထိခိုက်ခံစားနေရခြင်း စသည့်အစီရင်ခံမှုများကြောင့် အထူးပင် ပူပန်ပြီး၊အခြားနေရာများတွင်လည်း ထိခိုက်မှုများကြီးမားစွာရှိနေကြောင်းသိရှိရပါသည်။ ထိုသို့ ထိခိုက်သူများတွင် တနိုင်းမြို့နယ်အတွင်းရှိ အောင်ေလာ့ဒ်၊ ဆွတ်ရိနယန်နှင့် ဆွတ်ရာကျေးရွာများမှ နေရပ်စွန်ခွာတိမ်းရှောင်ခဲ့ရသည်ဟု သိရှိရသော လူဦးရေ ၂, ဝဝဝ ခန့် လည်း ပါဝင်ပါသည်။ အဆိုပါ နေရပ်စွန်ခွာတိမ်းရှောင်သူများမှာ သွားလာရန်ခက်ခဲသောတောထဲတွင် ရှောင်တိမ်း နေထိုင်ကြရလျက်ရှိပြီး၊  ပဋိပက္ခကြောင့် ထိခိုက်မှုဖြစ်နေသောဒေသမှ ထွက်ခွာနိုင်ခြင်း မရသေးပါ။ အဆိုပါ အရပ်သားများတွင် ကိုယ်ဝန်ဆောင်နှင့် နို့ တိုက်မိခင်များအပါအဝင် အမျိုးသမီးများ၊ ကလေးငယ်များ၊သက်ကြီးရွယ်အိုများ၊ ဖျားနာနေသူများနှင့် ဒဏ်ရာရထားသူများပါဝင်ကာ၊၎င်းတို့မှာ ဒုကအခက်အခဲများ ကြုံတွေနေရပြီး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများနှင့် ကာကွယ်စောင့်ရှောက်မှုများကို အပူတပြင်းလိုအပ်လျက်ရှိသည်ဟုသိရှိရပါသည်။ ဖားကန့် မြို့နယ်တွင် လိုင်နောင်ခူးရွာရှိ အရပ်သားများမှာလည်း တိုက်ပွဲကြောင့် ထိခိုက်မရှိသောဒေသမှ လုံခြုံဘေးကင်းသောနေရာများသို့ အလားတူပင် ထွက်ခွာနိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

နေရပ်စွန့် ခွာတိမ်းရှောင်ရသူများနှင့် ပဋိပကဖြစ်ပွားနေသောဒေသများတွင် ကျန်ရှိနေသေးသော အခြားအရပ်သားများအား ၄င်းတို့ ဆနအ တိုင်းေ ရွး ချ ယ်ထားသည့် ပိုမိုလုံခြုံဘေးကင်းသော နေရာများသို့ သွားခွင့်ပြုပေးပါရန်နှင့် အဆိုပါလူများထံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ချက်ချင်းပေးအပ်နိုင်ရန်အတွက် ခွင့်ပြုပေးပါရန်  ပဋိပက္ခတွင်ပါဝင်နေသူ အားလုံးကို ကျွန်တော့်အနေဖြင့် မေတ္တာရ ပ်ခံအပ်ပါသည်။ ထိုပြင်  ပဋိပက္ခတွင် ပါဝင်နေသူအားလုံးမှအချိန်တိုင်းတွင် အရပ်သားများကို ကာကွယ်စောင့်ရှောက်မှုအားသေချာစွာဆောင်ရွက်ပေးပါရန် ကျွန်တော့် အနေဖြင့်မေတ္တာရ ပ်ခံပြီး၊  ပဋိပက္ခတွင် ပါဝင်နေသူအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကိုလိုက်နာရန် တာဝန်ရှိသည်ကိုလည်း ပြောကြားလိုပါသည်။”

 

 

Download PDF version (ENG & MYA)

 

 

For further information, please contact:

 

Htet Htet Oo, Reports and Communications Officer, UN Office for the Coordination of Humanitarian Affairs (OCHA)in Myanmar (ooh@un.org / +95 (0) 979 700 7826)

 

Eva Modvig, Humanitarian Affairs and Reports Officer UN Office for the Coordination of Humanitarian Affairs (OCHA)in Myanmar (modvig@un.org / +95 (0) 979 700 7821)

 

OCHA press releases are available at www.reliefweb.int and www.themimu.info