Statement Attributable to the Secretary-General’s Special Envoy on Myanmar

The Special Envoy of the Secretary-General (SESG), Christine Schraner Burgener, undertook her third visit to Myanmar from 10 to 20 October where she held consultations with State Counsellor Daw Aung San Suu Kyi, other government and military leaders, ethnic armed organizations, local and religious leaders, NGOs, UN agencies and the diplomatic community. “Accountability is one of two important pillars for national reconciliation, the other is inclusive dialogue,” she said repeatedly. “Credible fact-finding is the first step towards accountability.” In Rakhine and Kachin states, the SESG also engaged with local civilian and military authorities, and directly with the affected populations, in particular women. 

In Rakhine state, the SESG went to several IDP camps and relocation sites in Kyauktaw, Buthidaung, Maungdaw and Sittwe, to gauge progress made since her first visit in June. Noting that the implementation of the MoU between Myanmar, UNHCR and UNDP had begun, she stressed the urgent need for complete access and assessment throughout northern and central Rakhine. She saw that efforts had been made to provide more learning facilities in IDP camps and encouraged counterparts to continue providing greater access on joint education opportunities. The SESG also underlined the need for dignified and durable solutions to end displacement in line with the recommendations of the Advisory Commission. “Closing the IDP camps is not enough. The IDPs full human rights need to be respected: starting with equal access to education and health, and freedom of movement. They have to be able to live in safety and security. This will be the most positive incentive for the refugees in Bangladesh to return. Knowing that the UN and its partners are present at their places of return, will give the returnees confidence and trust in the process.” She also emphasized the need for greater domestic and foreign investment in the region, one of Myanmar’s poorest which urgently requires inclusive development.  

In Kachin state, the SESG also engaged with IDPs in camps around Myitkyina, some of whom have been displaced since 2011 without job prospects or hope of returning to their places of origin, due to land-mines and lack of security. She took note of the increasingly limited humanitarian access which affected the availability of medical assistance and aid. The SESG encouraged all stakeholders concerned to find constructive solutions for the benefit of the suffering civilians, especially the women and children. “Ultimately, only peace and a genuine political dialogue can address these problems.”

On the occasion of the third anniversary of the signing of Nationwide Ceasefire Agreement, the SESG expressed her deep concern about the intensified fighting in the North. She acknowledged the efforts made by the Government to start informal negotiations at the decision-making level with the signatory ethnic armed organisations. The SESG stressed the need for patience and more trust-building and offered to serve as a bridge. She called for greater inclusiveness and underlined her readiness to engage closely with all stakeholders in helping advance the peace process towards a homegrown solution.

The SESG exchanged views on Myanmar’s democratic transition, including on freedom of the press and rule of law. In order to further peaceful co-existence, which needs time, she urged the Union government to undertake a public “Zero Tolerance for Discrimination” campaign at the highest level. Appreciating the willingness of the Myanmar authorities to engage with her closely, she will continue to focus her efforts on strengthening engagement between Myanmar and the international community towards a more tolerant, democratic and inclusive society that recognizes diversity as an asset. 

Yangon, 20 October 2018

 

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှရန်နာဘာဂန်နာသည် မြန်မာနိုင်ငံသို့ တတိယအကြိမ် ခရီးစဉ်အား အောက်တိုဘာလ ၁၀ ရက်မှ ၂၀ ရက်အထိ လာရောက်ခဲ့ပါသည်။ ဤခရီးစဉ်တွင် သူမသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ NGO များ၊ UN အဖွဲ့အစည်းများ၊ သံတမန် အသိုက်အဝန်းများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

“တာဝန်ခံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသော မဏ္ဍိုင်နှစ်ရပ်အနက် တစ်ခု ဖြစ်ပြီး နောက်ထပ်မဏ္ဍိုင်တစ်ရပ်မှာ အားလုံးပါဝင်နိုင်သော ဆွေးနွေးဖလှယ်မှုဖြစ်ကြောင်း၊ ယုံကြည်စိတ်ချရသော အချက်အလက် ရှာဖွေမှုသည် တာဝန်ခံမှုအတွက် ပထမခြေလှမ်းဖြစ်ပါကြောင်း” သူမက အကြိမ်ကြိမ်ပြောကြားခဲ့

ပါသည်။

ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်တွင်လည်း သူမသည် ဒေသခံအရပ်ဘက်နှင့်စစ်ဘက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သလို ထိခိုက်နစ်နာခဲ့သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရခိုင်ပြည်နယ်သို့ ဇွန်လအတွင်း ပထမအကြိမ် လာရောက်ခဲ့ချိန်မှစ၍ ရရှိလာသော တိုးတက်မှုများကို ခန့်မှန်းသိရှိနိုင်ရန်အတွက် အထူးကိုယ်စားလှယ်သည် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေရှိ IDP စခန်းအချို့နှင့် IDP များအား ပြန်လည်နေရာချထားပေးသည့် နေရာအချို့သို့ သွားရောက်ခဲ့ပါသည်။  မြန်မာနိုင်ငံအစိုးရ၊ UNHCR နှင့် UNDP တို့ကြားရေးထိုးထားသည့် MoU အား အကောင်အထည် ဖော်မှုများကို စတင်နေပြီဖြစ်ကြောင်း သိရှိနားလည်သဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ နေရာများအားလုံးသို့ လွတ်လပ်စွာ သွားရောက်ခွင့်ပြုရန်နှင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် အရေးတကြီးလိုအပ်ကြောင်းကို သူမက အလေးပေးပြောကြားခဲ့ပါသည်။

IDP စခန်းများတွင် ပညာရေးဆိုင်ရာ အထောက်အပံ့များ ပိုမိုပေးအပ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ထား မှုများကို သူမတွေ့ရှိခဲ့ရပြီး အတူတကွ ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိလာရေးအတွက် ဆက်လက်ပံ့ပိုး ပေးရန် မိတ်ဖက်များအား တိုက်တွန်းအားပေးခဲ့ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်အညီ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရမှုများ အဆုံးသတ်စေရန်အတွက် ဂုဏ်သိက္ခာရှိစွာဖြင့် ရေရှည်ရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းများကို ရှာဖွေကြဖို့ လိုကြောင်းကိုလည်း သူမကပြောကြားခဲ့ပါသည်။

 “IDP စခန်းများ ပိတ်သိမ်းရုံနှင့် မလုံလောက်သေးကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လွတ်လပ်စွာ သွားလာခွင့်တို့မှစ၍ IDP များ၏ လူ့အခွင့်အရေးအပြည့်အဝကို လေးစားရန် လိုအပ်ကြောင်း၊ ၎င်းတို့သည် ဘေးကင်း၍ လုံခြုံစွာ နေထိုင်နိုင်ရမည်ဖြစ်ကြောင်း၊ ယင်းသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များ ပြန်လာအောင် ဆွဲဆောင်အားပေးနိုင်ဆုံးအရာ ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်လာမည့် နေရာဒေသများတွင် UN နှင့် UN ၏ မိတ်ဖက်များ ရှိနေကြောင်း သိရှိလျှင် နေရပ်ပြန်သူများအနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အပေါ်တွင် ယုံကြည်မှု၊ စိတ်ချမှု ရုရှစေမှာဖြစ်ကြောင်း” သူမက ပြောကြားခဲ့ပါသည်။ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို အရေးတကြီး လိုအပ်နေသည့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးဆုံး ဒေသတစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ  လိုအပ်နေကြောင်းကိုလည်း သူမက အလေးထား ပြောကြားခဲ့ပါသည်။

ကချင်ပြည်နယ်တွင်လည်း အထူးကိုယ်စားလှယ်သည် မြစ်ကြီးနားမြို့အနီးဝန်းကျင်ရှိ ဒုက္ခသည်စခန်းများ၌နေထိုင် ကြသောနေရပ်စွန့်ခွာရွှေ့ပြောင်းသူများနှင့်တွေ့ဆုံခဲ့ပါသည်။ ထိုစခန်းများတွင်နေထိုင်နေသူအချို့သည် ၂၀၁၁ခုနှစ်ကတည်းက ၎င်းတို့၏ မူရင်းနေရပ်ဒေသများကို စွန့်ခွာလာခဲ့ရသူများဖြစ်ပြီး မြေမြှုပ်မိုင်းများနှင့် လုံခြုံရေး အခြေအနေကြောင့် အလုပ်အကိုင်ရရှိနိုင်သည့် အလားအလာ သို့မဟုတ် မိမိတို့၏ နေရပ်သို့ ပြန်သွားရန် မျှော်လင့်ချက် မရှိကြသူများ ဖြစ်ပါသည်။ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းသူများထံ သွားရောက်ရန် ပို၍၊ ပို၍ ခက်ခဲလာမှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ပေးအပ်သော ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ နှင့် ထောက်ပံ့ပစ္စည်းများကို နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအနေဖြင့် လက်လှမ်းမီရရှိနိုင်ရန် ခက်ခဲလာသည်ကိုလည်း သူမ သတိပြုမိခဲ့ပါသည်။ ထိုအကြောင်းကြောင့် အထူးကိုယ်စားလှယ်က ထိခိုက်နစ်နာခဲ့ရသော အရပ်သားများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများအတွက် အကျိုးဖြစ်ထွန်းမည့် နည်းလမ်းများကို ရှာဖွေကြရန် သက်ဆိုင်သည့် ဆက်စပ်ပတ်သက်သူများအားလုံးကို တိုက်တွန်းပါသည်။ “နောက်ဆုံးတွင် ငြိမ်းချမ်းရေးနှင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကသာလျှင် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း” သူမက ဆိုပါသည်။

၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးသည့် သုံးနှစ်မြောက်နှစ်ပတ်လည်အခမ်းအနား၌ နိုင်ငံ၏ မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည်နှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း သူမက ပြောကြားခဲ့ပါသည်။ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ် သဘော ဆွေးနွေးညှိနှိုင်းမှုများကို ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်တွင် စတင်လုပ်ဆောင်နိုင်အောင် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို သူမက အသိအမှတ်ပြုခဲ့ပါသည်။ အထူးကိုယ်စားလှယ်က ဆက်စပ်ပတ်သက်သူများ အားလုံးကြား စိတ်ရှည်မှုနှင့် ပိုမိုအားကောင်းသော ယုံကြည်မှုကို တည်ဆောက်ရန် လိုအပ်ကြောင်းလည်း အထူး အလေးထားပြောကြားသွားပြီး သူမအနေဖြင့် ပေါင်းကူးတံတားတစ်ခုသဖွယ် ဆောင်ရွက်ပေးလိုပါကြောင်း ကမ်းလှမ်းခဲ့ပါသည်။ သူမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်တွင်းဖြစ် နည်းလမ်းစစ်စစ်ကို ရှာဖွေဖော်ထုတ် နိုင်ရန်အတွက် အားလုံးပါဝင်နိုင်မှု ပိုမိုရရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး သူမအနေဖြင့်လည်း တစ်တပ် တစ်အား ပါဝင်ကူညီနိုင်ရန်အတွက် ဆက်စပ်ပတ်သက်သူအားလုံးနှင့် နီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆွေးနွေးပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အထူးကိုယ်စားလှယ်သည် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေး အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုအပေါ် အမြင်များ ဖလှယ်ခဲ့ပါသည်။ အချိန်ယူဆောင်ရွက်ရမည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အတွက် သူမက ပြည်ထောင်စုအစိုးရအား “ခွဲခြားဆက်ဆံမှုကို လုံးဝလက်သင့်မခံ” သည့် လူထုလှုပ်ရှားမှုတစ်ခုကို အမြင့်ဆုံးအဆင့်တွင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။ မြန်မာအာဏာပိုင်များအနေဖြင့် သူမနှင့် နီးကပ်စွာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန် စိတ်ဆန္ဒရှိမှုအပေါ်အသိအမှတ်ပြုပါသည်။ မတူကွဲပြားမှုအား တန်ဖိုးရှိသော အရာတစ်ခုအဖြစ် အသိအမှတ်ပြုသော၊ ပိုမိုသဘောထားကြီးပြီး၊ ဒီမိုကရေစီနည်းကျ၍ အားလုံးပါဝင်နိုင်သည့် လူမှုအဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာရေး အတွက် အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ထိတွေ့ဆက်ဆံမှု များ ပိုမိုအားကောင်းလာစေရန်း  ဆက်လက်ကြိုးပမ်း အားထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

ရန်ကုန်၊ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

Download PDF versions- ENG & MYA