A message from UN Resident and Humanitarian Coordinator a.i Knut Ostby encouraging everyone of us to participate at UN survey on sexual harassment in the workplace

Dear colleagues, please see below a message from the UN Secretary-General Antonio Guterres encouraging everyone of us to participate at a survey on sexual harassment in the workplace: SafeSpaceSurvey2018.deloitte.com.

 

Addressing sexual harassment in the workplace is one of my key management priorities. Harassment and bullying are just one aspect of the longstanding power imbalances that have deep roots and affect every area of our lives, including here at the United Nations.

From the outset of my tenure, I have taken steps to boost support for victims, to enhance the protection of whistleblowers and to improve reporting and investigation of allegations of harassment and other abuses.  Among other measures, we have supported the establishment of a specialized investigations team within the Office of Internal Oversight Services; fast-tracked and streamlined procedures for making complaints; launched a database to prevent rehiring those disciplined for sexual harassment; and created the Speak-Up Helpline, which provides 24/7 guidance: +1 917-367-8910 or speakup@un.org.

As we take these efforts forward, I am pleased to announce the upcoming launch of a system-wide exercise: “Safe Space: Survey on Sexual Harassment in our Workplace”, which will help us to achieve a better understanding of the prevalence, nature and experience of sexual harassment. For the United Nations system, this is the first survey of its kind, and is intended to demonstrate our common resolve to eradicate sexual harassment and ensure a safe and harmonious workplace. More than 30 organizations across the UN family will be participating.

The survey will be conducted independently by the consulting company Deloitte and will be open to staff and non-staff personnel from 6 to 20 November. It will be administered in all six official languages.  And it will be confidential and anonymous; no identifying information will be collected, and no one within the UN system will have access to the raw data. I count on your candid feedback.

This is a survey for everyone, whether or not we have been personally affected by sexual harassment. The questions call upon our experiences and perceptions, and I hope they will encourage you to reflect more broadly on our organizational culture. The results will guide our efforts to strengthen prevention and response to sexual harassment, and to support victims.

Your participation can make a lasting difference.

Thank you for joining me in this important initiative.

 

António Guterres

 

 

 

အကြောင်းအရာ - အထွေထွေအတွင်းရေးမှူးချုပ်ထံမှသဝဏ်လွှာ-

 

ဘေးကင်းလုံခြုံသော နေရာ၊ လုပ်ငန်းခွင်ရှိ ကာယိနြေ္ဒပျက်ပြားအောင် လုပ်ဆောင်မှုဆိုင်ရာ စစ်တမ်း

 

Dear colleagues, please see below a message from the UN Secretary-General Antonio Guterres encouraging everyone of us to participate at a survey on sexual harassment in the workplace: SafeSpaceSurvey2018.deloitte.com.

သဝဏ်လွှာ -

အလုပ်ခွင်တွင် ကာယိနြေ္ဒပျက်ပြားအောင် လုပ်ဆောင်မှုပြဿနာအား ကိုင်တွယ်ဖြေရှင်းရန်မှာ ကျွန်ုပ်၏စီမံခန့်ခွဲမှု ဆိုင်ရာ တာဝန်များထဲမှ အဓိကဦးစားပေးတာဝန်တစ်ရပ် ဖြစ်ပါသည်။ ချိုးနှိမ်ဖိနှိပ်ခြင်း (harassment) နှင့် အနိုင်ကျင့်ခြင်း (bullying) များသည် ကာလရှည်ကြာ အခွင့်အာဏာ မညီမျှမှုများ အမြစ်တွယ်လာခြင်း၏ အကျိုးဆက်တစ်ခုဖြစ်ပြီး ဤကုလသမဂ္ဂအဖွဲ့ကြီး အပါအဝင် ကျွန်ုပ်တို့ဘဝ၏ နယ်ပယ်ကဏ္ဍတိုင်းအပေါ် သက်ရောက်မှုရှိနေပါသည်။

ကျွန်ုပ်စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ကျွန်ုပ်သည် ထိခိုက်နစ်နာသူများအား ကူညီပံ့ပိုးမှု၊  သတင်းပေးတိုင် ကြားသူများအား ကာကွယ်စောင့်ရှောက်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်၊ ချိုးနှိမ်ဖိနှိပ်မှုနှင့် အခြားသော အနိုင်အထက်ပြုမှုပုံစံများအား သတင်းပေးတိုင်ကြားခြင်းနှင့် တိုင်ကြားချက်များအား စုံစမ်းစစ်ဆေးခြင်းတို့ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်လာခဲ့ပါသည်။ ဥပမာ ကျွန်ုပ်တို့သည် ဌာနတွင်း ကြီးကြပ်ရေးရုံး (Office of Internal Oversight Services) အတွင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ တိုင်ကြားမှုများ ပြုလုပ် ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်အား မြန်ဆန်လွယ်ကူထိရောက်အောင် ဆောင်ရွက်ခြင်း၊ ကာယိနြေ္ဒပျက်ပြားအောင် လုပ်ဆောင်မှုဖြင့် အပြစ်ပေးရေးယူခံရဖူးသူများအား ကုလသမဂ္ဂအဖွဲ့တွင် ပြန်လည်ငှားရမ်း ခန့်ထားခြင်းမပြုမိစေရန် database တစ်ခု စတင်ထားရှိ အသုံးပြုခြင်း၊ ၂၄နာရီ အချိန်ပြည့်လမ်းညွှန်မှုများကို ဝန်ဆောင်ပံ့ပိုးပေးနေသော Speak-Up အရေးပေါ်ဖုန်းလိုင်း +1 917-367-8910 သို့မဟုတ် speakup@un.org ကို ထားရှိခြင်းတို့အပြင် အခြားဆောင်ရွက်ချက် အများအပြားကို လုပ်ဆောင်နေပါသည်။  

ကျွန်ုပ်တို့သည် အဆိုပါကြိုးပမ်းအားထုတ်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မကြာမီကုလသမဂ္ဂ စနစ်ကြီး တစ်ခုလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည့် “ဘေးကင်းလုံခြုံသော နေရာ၊ ကျွန်ုပ်တို့၏ လုပ်ငန်းခွင်ရှိ ကာယိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှုဆိုင်ရာ စစ်တမ်း (Safe Space: Survey on Sexual Harassment in our Workplace)” ဟူသော စစ်တမ်းအား စတင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ အသိပေးကြေညာလိုပါသည်။ ထိုစစ်တမ်းကြီးက  ကာယိနြေ္ဒပျက်ပြားအောင်လုပ်ဆောင်မှုများ၏ ဖြစ်ပွားမှုအတိုင်းအတာ၊သဘာဝနှင့် အတွေ့အကြုံ တို့ကိုပိုမိုနားလည်သိရှိစေရန် ကျွန်ုပ်တို့အား ကူညီပေးပါလိမ့်မည်။ ကုလသမဂ္ဂစနစ်ကြီးတွင် ဤကဲ့သို့သော စစ်တမ်းမျိုးကို ပထမဆုံးအကြိမ် အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး အလုပ်ခွင်တွင် ကာယိနြေ္ဒပျက်ပြားအောင် လုပ်ဆောင်မှု ပပျောက်ပြီး ဘေးကင်းလုံခြုံ၍ သဟဇာတမျှသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်စေရေး ဆောင်ရွက်ရန်ဟူသည့် ကျွန်ုပ်တို့၏ တူညီသော သန္နိဋ္ဌာန်ကို လက်တွေ့ပြသလိုက်ခြင်းလည်း ဖြစ်ပါသည်။ ဤစစ်တမ်းတွင် UN မိသားစုဝင် အဖွဲ့အစည်းပေါင်း ၃၀ ကျော် ပါဝင် ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

စစ်တမ်းကောက်ယူမှုအား Deloitte ကုမ္ပဏီမှ သီးခြားလွတ်လပ်စွာ ဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကုလသမဂ္ဂတွင်ဝင်ရောက်လုပ်ကိုင်နေသူများအားလုံး ပါဝင်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ စစ်တမ်းအား တရားဝင်ရုံးသုံးဘာသာစကား ခြောက်မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ စစ်တမ်းတွင် အချက်အလက်များအားလုံးကို လျှို့ဝှက်ထိန်းသိမ်းထားမည်ဖြစ်ပြီး ပါဝင်ဖြေဆိုသူများသည် အမည်ဖော်ပြရန် မလိုပါ။ ဖြေဆိုသူများသည် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြနိုင်သည့် သတင်းအချက်အလက်များကိုလည်း စုဆောင်းမည်မဟုတ်ဘဲ စနစ်အတွင်းရှိ မည်သူကမျှ ကောက်ယူထားသော အချက်အလက်မူရင်းများကို လက်လှမ်းမှီ ရရှိမည်မဟုတ်ပါ။ ပွင့်လင်းစွာ တင်ပြသော အချက်အလက် များနှင့် အကြံပြုချက်များကို ရရှိရန် သင်တို့ကို ကျွန်ုပ် အားကိုးရမည်ဖြစ်ပါသည်။

ဤစစ်တမ်းသည် ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခြင်းကို ကိုယ်တိုင်ခံစားဖူးသည်ဖြစ်စေ၊ မခံစားဖူးသည်ဖြစ်စေ လူတိုင်း ပါဝင်နိုင်သော စစ်တမ်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံများနှင့် သဘောထားအမြင်များကို မေးမြန်းထားသော မေးခွန်းများ ပါဝင်မည်ဖြစ်ပြီး ထိုမေးခွန်းများသည် ကျွန်ုပ်တို့အဖွဲ့အစည်း၏ ယဉ်ကျေးမှုအား ပိုမိုကျယ်ပြန့်စွာ သုံးသပ် ဆင်ခြင်နိုင်စေလိမ့်မည်ဟုမျှော်လင့်ပါသည်။ စစ်တမ်းရလဒ်များကို အသုံးပြုကာ ကာယိနြေ္ဒ ပျက်ပြားစေမှုကို တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ပေးရေးအပြင် ထိခိုက်နစ်နာသူများကို ကူညီပံ့ပိုးပေးရေး လုပ်ငန်းများ ပိုမိုအားကောင်းလာအောင် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သည်။

သင်၏ ပါဝင်ကူညီမှုသည် ရေရှည်အတွက် ထူးကဲသော အကျိုးရလဒ်ကို ရရှိစေနိုင်ပါသည်။ 

အရေးပါလှသော ဤလုပ်ဆောင်မှုတွင် ကျွန်ုပ်နှင့်အတူ လက်တွဲပါဝင်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါသည်။

အန်တိုနီယိုဂူတာရက်စ်

 

 

 

Download PDF version: English & Myanmar